အမေရိကန်နှင့် မဟာမိတ်များက ရုရှားအပေါ် ဒဏ်ခတ်မှုအသစ်များ ထပ်မံချမှတ်မည်

အမေရိကန်နဲ့ မဟာမိတ်တွေဟာ ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ အရာရှိတွေကို ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ကြောင်း ဧပြီ ၆ ရက်မှာ ကြေညာမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
ရုရှားအစိုးရ အရာရှိတွေ၊ မိသားစုဝင်တွေ၊ ရုရှားအစိုးရပိုင် ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရပိုင် လုပ်ငန်းတွေကို ပစ်မှတ်ထားမယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းကို ရုရှားက ကျူးကျော်တာ သီတင်း ၆ ပတ်ကြာအပြီးမှာ အနောက်နိုင်ငံတွေဟာ ရုရှားမှာ အသစ်ရင်းနှီးမြှုပ်နှံတာတွေကို တားမြစ်ပိတ်ပင်မယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားစစ်တပ်ရဲ့ လက်ကနေ သိမ်းပိုက်ထားတဲ့ ဘူချာမြို့မှာ အရပ်သားတွေ အနီးကပ် ပစ်သတ်ခံရတာကို တွေ့ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့ လုပ်ရပ်တွေအပေါ် အနောက်နိုင်ငံတွေက ပြစ်ဒဏ်ဟာ တွန်းအားတခု ဖြစ်လာနေတယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြကြပါတယ်။