close

ဆောနှင့်ကျောက်ထု The Youth Force မှ အခြေခံ စစ်သင်တန်းဆင်း (ဓာတ်ပုံ)

မကွေးတိုင်း၊ ဆောနဲ့ ကျောက်ထုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ The Youth Force (Saw&Kyaukhtu) က ဖွင့်လှစ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ဧပြီ ၆ ရက် ဒီနေ့မနက် ကျင်းပါတယ်။

ဒီအခမ်းအနားကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ပြီး သင်တန်းဆင်းပွဲကို မဟာမိတ်အဖွဲ့တွေက တပ်ရင်းမှူးတွေလည်း တက်ရောက်ခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

မြန်မာပြည်တွင်းမှာ ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ  ၆၃၇ ယောက် ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up