close

နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ဖွဲ့စည်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး 'နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု' မှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေ ဦးဆောင်ပြီး 'နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)' ကို မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဖွဲ့စည်းခဲ့ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ပြီး တန်းတူအခွင့်အရေးများ ရရှိဖို့နဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး အခုလို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ အဖွဲ့ဝင် အမျိုးသမီးတဦးက “ကျမတို့သမဂ္ဂအနေနဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက် အကြမ်းမဖက် လှုပ်ရှားမှုဘောင်ထဲကနေ လုပ်နိုင်တာမှန်သမျှ ဆက်လုပ်သွားဖို့ ရှိပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး ပါဝင်လာအောင်အတွက်လည်း ကြိုးစားသွားပါမယ်” လို့ ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး 'နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု' ကို ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၈ ရက်ကတည်းက အမျိုးသမီးတွေ ဦးဆောင်ပြီး စတင်ပြုလုပ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up