close

ထီးချိုင့်မြို့နယ်အတွင်း ကျောင်းသားအရွယ် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု တိုးပွားနေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြား နေ့စဉ်တိုးပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလို မူးယစ်ဆေးသုံးစွဲသူ အများစုဟာ ကျောင်းနေအရွယ် လူငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အလယ်တောစံပြကျေးရွာ ဒေသခံရွာသားတဦးက “ဆေးကတော့ အစုံပဲ။ ဘိန်းဖြူရော၊ ယာဘရော၊ စိတ်ကြွဆေးပြားတွေရော ရောင်းနေကြတာပါ။ ဘယ်သူမှ မဖမ်းကြပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။ စိတ်မကောင်းတာက ၉ တန်း၊ ၁၀ တန်းကလေးတွေပါ သုံးလာကြတယ်။ ပိုဆိုးတာက မြို့နယ်ရဲတွေကလည်း ရောင်းတဲ့သူဆီကနေ ငွေတောင်းပြီး ခိုင်းနေတာဆိုတော့ ရောင်းတဲ့သူကလည်း ပေါ်တင်ပဲ။ ကိုယ့်သားသမီးတွေတောင် အဲလိုဆေးသမားဖြစ်သွားမှာ ကြောက်လို့ မန္တလေးကို ပို့ထားရတယ်။ ကျနော့်အမြင်ပြောရရင် စစ်ကောင်စီကရော၊ PDF ကရော ဒါတွေကို ထိထိရောက်ရောက် လုပ်‌ပေးစေချင်တယ်။ ဒီအတိုင်းသာ လွှတ်ထားရင် ကျနော်တို့ ထီးချိုင့်နယ်တနယ်လုံး မူးယစ်ဆေး‌သမားတွေ ဖြစ်ကုန်တော့မှာကို စိုးရိမ်နေတယ်” လို့ ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မူးယစ်ဆေးရောင်းချသူတွေ ပေါ်ပေါ်တင်တင် ရောင်းချနေကြသလို တရားမဝင် သစ်ခိုးထုတ်တာတွေနဲ့ ရွှေတူးဖော်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up