ရုရှားသမ္မတပူတင်၏ ဇနီးဟောင်းနှင့် သမီးနှစ်ယောက်ကို အမေရိကန် စီးပွားရေးပိတ်ဆို့

အမေရိကန်ပြည်ထောင်စုက ရုရုားသမ္မတ ဗလာဒီမာပူတင်ရဲ့ အရွယ်ရောက်ပြီး သမီးနှစ်ဦးနဲ့ ဇနီးဟောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်ရဲ့ဇနီးနဲ့ ရုရှား လုံခြုံရေးကောင်စီ အဖွဲ့အဝင်တွေကို စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ကြောင်း ကြေညာပါတယ်။
သမ္မတ ပူတင်ရဲ့ သမီးနှစ်ယောက်က အသက် ၃၆ နှစ်အရွယ် မာရီယာ ဗိုရွန်ဆိုဗာနဲ့ ၃၅ နှစ်အရွယ် ကာတာရီနာ တီခိုနိုဗာတို့ဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ ၁၉၈၅ ခုနှစ် ပူတင် ကေဂျီဘီအရာရှိဘဝက လက်ထပ်ခဲ့တဲ့ ပထမဇနီး လေယာဉ်မယ် လျူဒ်မီလာနဲ့ မွေးခဲ့တာပါ။
ပူတင်က သူ့သမီးတွေအကြောင်း လူအများရှေ့ ပြောခဲလှပေမဲ့ ဘာသာစကားသုံးမျိုး ကျွမ်းကျင်စွာ ပြောတတ်တယ်လို့ တခါက ဂုဏ်ယူ ပြောဖူးပါတယ်။
အမေရိကန်က ဧပြီ ၆ ရက်နေ့မှာ ရုရှားကို စီးပွားရေးပိတ်ဆို့မှုလုပ်တဲ့ စာရင်းသစ် ထပ်ကြေညာတာမှာ အခုလို ပါဝင်လာကြတာပါ။
ရုရှားဘဏ်လုပ်ငန်း သုံးတပုံကို ပိုင်ဆိုင်တဲ့ စပါဘဏ်နဲ့ စတုတ္ထအကြီးဆုံး ငွေကြေးဈေးကွက် လုပ်ငန်း အယ်လ်ဖာဘဏ်တို့ အပါအဝင် ပူတင်နဲ့ဆက်နွှယ်တဲ့ ပုဂ္ဂိုလ်အတော်များများကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။