close

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်မှုအတွက် အာဆင်နယ်နည်းပြ တောင်းပန်

ဧပြီ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ဝ-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အသင်းကစားပုံဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဲဒီ့ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာတက်တာ၊ ဂျော်ဒန်အာယူးနဲ့ ဇာဟာတို့သွင်းယူတဲ့ ဂိုးတွေကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ စပါးအသင်းထက် လက်ကျန်တပွဲ ပိုကစားရမှာ ဖြစ်ပေမဲ့လည်း ရမှတ်ပေါင်း ၅၄ မှတ်စီနဲ့ ဂိုးကွာခြားချက် နည်းပါးမှုကြောင့် အဆင့်ငါးနေရာမှာပဲ ရပ်တည်နေပြီး တကျော့ပြန် ချန်ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်အတွက် ပြန်လည်စိုးရိမ်စရာ ကောင်းလာခဲ့တာပါ။

သူတို့မှာ စစ်မှန်တဲ့တည်ငြိမ်မှု မရှိတာကြောင့် အမှန်တကယ် စိုးရိမ်စရာပါပဲလို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အဲဒီ့ပွဲစဉ်မှာ ပေါင်ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ပါတေးရဲ့ ဒဏ်ရာအခြေအနေကိုလည်း စိုးရိမ်မိတယ်လို့ အာတီတာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up