ဂျာမဏီက ရုရှားရေနံတင်ပို့မှုအားလုံး ယခုနှစ်ကုန် ရပ်မည်

ဥရောပနိုင်ငံတွေထဲ ဂျာမဏီက ရုရှားရေနံ အများဆုံး ဝယ်ယူနေတဲ့ ဂျာမဏီနိုင်ငံဟာ ဒီနှစ်ကုန်မှာ ရုရှားမှ ရေနံတင်သွင်းမှု ရပ်ပစ်မယ်လို့ ဝန်ကြီးချုပ် အိုလက်ဗ်ရှုဇ်က ပြောပါတယ်။
ရုရှားကို စီးပွားရေးပိတ်ဆို့မှု အနောက်နိုင်ငံတွေက လုပ်နေပေမဲ့ ဂျာမဏီက ရုရှားရေနံနဲ့ ဓာတ်ငွေ့ ဆက်လက် ဝယ်ယူနေမှုအပေါ် ယူကရိန်းသမ္မဇလန်းစကီးက မကြာခဏ ဝေဖန်နေတာပါ။
အိုလက်ဗ်ရှုဇ်က ရေနံနဲ့ ဓာတ်ငွေ့အတွက် ရုရှားကို ယူရိုငွေ ဘီလီယံအများအပြား ပေးနေရတာ ရှက်မိကြောင်း ဝန်ခံပါတယ်။
သူက “ကျနော်တို့ ရုရှားရေနံတင်ပို့မှုကို ဖြတ်ပစ်ဖို့ တက်တက်ကြွကြွ လုပ်နေပါတယ်၊ ဒီနှစ်ကုန်မှာ ဖြစ်လာပါလိမ့်မယ်” လို့ လန်ဒန်မှာ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နဲ့ သတင်းစာရှင်းလင်းပွဲ အတူလုပ်စဉ် ပြောခဲ့တာပါ။
ဥရောပသမဂ္ဂက ဒီတပတ်ထဲမှာ ရုရှားကို စီးပွားရေး ထပ်တိုးပိတ်ဆို့မှုတွေ လုပ်ဖို့ရှိပါတယ်။ ရုရှားဆီက ကျောက်မီးသွေးဝယ်ယူမှုကို ဩဂုတ်လ ရပ်မှာဖြစ်ပါတယ်။