ဂျာမဏီအခြေစိုက် အမေရိကန်တပ်ဖွဲ့များ ရိုမေးနီးယားကို ရောက်ရှိ

ဂျာမဏီမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဟန်ဂေရီကိုဖြတ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က ရိုမေးနီးယားနိုင်ငံထဲကို ရောက်ရှိလာပါတယ်။
ယူကရိန်းအကျပ်အတည်းအတွက် ရုရှားနဲ့ ရင်ဆိုင်ရဖို့ရှိနေတဲ့ နေတိုးတပ်ဖွဲ့တွေကို ကူညီအားဖြည့်ဖို့ Black Sea ပယ်လယ်ရှိ ရိုမေးနီးယားမှာ လာရောက် အခြေစိုက်ထားတာပါ။
ဂျာမဏီမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ရင်း တပ်ခွဲတွေမှ တပ်သား ၃၀၀၀ ကျော်ကို ရိုမေးနီးယားနဲ့ ပိုလန်ဆီ ပြောင်းရွှေ့ချထားတာပါ။
ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက နောက်ရက်အနည်းငယ်အတွင်း အမေရိကန်တပ်တွေ ရိုမေးနီးယားကို ထပ်ရောက်လာဦးမယ်လို့ ပြောပါတယ်။
ရိုမေးနီးယားဟာ ၂၀၀၄ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တာဝေးပစ်ဒုံးကျည်စနစ်ကို လက်ခံကျင့်သုံးနေတာပါ။
အမေရိကန်တပ်တွေက Black Sea ရှိ ရိုမေးနီးယားရဲ့ နိုင်ငံတကာလေဆိပ်မှာ ၁၉၉၉ ကတည်းက စစ်အခြေစိုက်စခန်းဖွင့်ထားတာပါ။
နောက်ထပ် ပြင်သစ်ဦးဆောင်မယ့် နေတိုးတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကလည်း ဖေဖော်ဝါရီလလယ်မှာ ရိုမေးနီးယားကို ရောက်ရှိလာဖို့ ရှိပါတယ်။