ဂျာမဏီတွင် အိုမီခရွန်ပိုးကူးစက်မှု စိုးရိမ်စရာဖြစ်နေဟု ကျန်းမာရေးဝန်ကြီးပြော

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ပိုးသစ် ကူးစက်မှု အလုံးအရင်းနဲ့ ဝင်လာနေပြီး ဂျာမဏီမှာ ပဉ္စမလှိုင်း စတင်နေပြီလို့ ကူးစက်ရောဂါကာကွယ်မှု ကျွမ်းကျင်ပါမောက္ခ ဂျာမန်ကျန်းမာရေးဝန်ကြီး ကားလ် လောက်တာဘာ (Karl Lauterbach) က ပြောပါတယ်။
“ပညာရှင်အားလုံး ပြောတာကတော့ အခု ကူးစက်မှုနှုန်းဟာ ဆေးလောက ခန့်မှန်းထားတာထက်ကို ကျော်လွန်နေပြီး စိုးရိမ်စရာရှိနေပေမဲ့ booster ကာကွယ်ဆေးထိုးခြင်း ကသာ ပြင်းထန်တဲ့အိုမီခရွန်ကို ကာကွယ်ပေးနိုင်လိမ့်မယ်” လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
စနေနေ့က ဟန်နိုဗာမြို့က ကာကွယ်ဆေးထိုးတဲ့စင်တာကို သွားရောက်ပြီး သူကိုယ်တိုင် လူငယ် အတော်များများကို ဆေးထိုးပေးခဲ့ပါတယ်။