close

ရေးမြို့နယ်၌ သင်္ကြန်ကာလ စစ်ကောင်စီတပ်များရှိသည့်နေရာအနီး မနေကြရန် သတိပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သင်္ကြန်ကာလ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေမှာ မနေကြဘဲ ရှောင်ရှားပေးထားကြဖို့ ဒေသခံမိဘပြည်သူတွေကို ရေးဘီးလူး အဖွဲ့သားတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနိုင်မယ် နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားမှာဖြစ်တာမို့ မိဘပြည်သူတွေအနေနဲ့ မပေါ့မဆကြဘဲ အလေးနက်ထားပြီး သတိရှိကြဖို့ ဧပြီ ၈ ရက်မှာ လူမှုကွန်ရက်ကနေ  တောင်းဆိုခဲ့တာပါ။

အတာသင်္ကြန်ရက် နီးကပ်လာနေပေမဲ့ စစ်ကောင်စီလက်ထက် မြို့နယ် ဗဟိုအဆင့် ရေကစားမဏ္ဍပ် ဟာပုံမှန်ကျင်းပတဲ့နေရာမှာ ယနေ့အထိ ဆောက်လုပ် ပြင်ဆင်တာတွေ မရှိသေးသလို ယိမ်းတွေ လေ့ကျင့်ကနေတာလည်းမရှိသေးတဲ့အတွက် အရင်တုန်းက သင်္ကြန်လိုတော့ စည်ကားမယ်လို့ မမြင်ဘူးလို့ မြို့ခံတွေက  ပြောပါတယ်။

ဈေးသည်တယောက်က “သင်္ကြန်ပစ္စည်းနဲ့ ဆိုင်တဲ့အရာတွေထဲမှာ လူတွေ စားသောက်ကုန်ကလွဲပြီး ကျန်တာ အဝတ်အထည်လေး နည်းနည်းပါးပဲ ရောင်းရတယ်။ အရင်တုန်းက သင်္ကြန်နှစ်တွေနဲ့ဆို ရောင်းအားက ၃ ပုံ ၁ ပုံတောင်မမီဘူး ကုန်ဈေးနှုန်းလည်းကြီးတာလေ လူတွေ မဝယ်နိုင်ကြဘူး”လို့ ပြောပါတယ်။

မော်လမြို့မှာ လုံခြုံရေးကင်မရာတွေကိုတော့ ဆီဆိုင်စစ်တပ်ရှေ့ဈေးတွေ၊ ပုဂ္ဂလိကအဆောက်အအုံတွေနဲ့ အချက်အချာကျတဲ့နေရာမှာ တပ်ဆင်ထားခဲ့သလို စစ်ကောင်စီ တပ်ဘက်ကတော့ လုံခြုံရေးကို အခုရက်ကစပြီး CCTV လုံခြုံရေးကင်မရာကနေ တဆင့် ခြေရာခံပြီး စောင့်ကြည့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up