close

ဗီလာရီးရဲလ်နှင့် ဒုတိယအကျော့ပွဲစဉ် အနိုင်ကစားမည်ဟု ဘိုင်ယန်နည်းပြ ကတိပေး

ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ ပထမအကျော့ကလို အမှားတွေ အဖြစ်ခံမှာ မဟုတ်ကြောင်း ဘိုင်ယန်နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဧပြီ ၇ ရက်က ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း အမှားအယွင်းတွေရှိခဲ့တာပါ။ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာတော့ အမှား ၂ ကြိမ် အဖြစ်ခံမှာမဟုတ်ဘဲ မဖြစ်မနေ အနိုင်ယူသွားမယ်လို့ နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။ 

“ပထမအကျော့ကလို ထပ်ပြီးအဖြစ်ခံမှာမဟုတ်ဘူး။ ဒီပြိုင်ဘက်ကိုပဲ ၂ ကြိမ်ဆက်တိုက် အမှားတွေအဖြစ်မခံနိုင်ဘူး။ အရင်ကလည်း ဒုတိယအကျော့မှာ ကျော်ဖြတ်ပြနိုင်ခဲ့တာတွေရှိသလို မနက်ဖြန်ပွဲစဉ်မှာလည်း အဲဒီလိုပါပဲ။ ကျနော်တို့ လိုချင်တာတွေအတွက် မဖြစ်မနေ လုပ်ဆောင်သွားရပါမယ်” လို့ နည်းပြနာဂယ်စ်မန်းက ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို ၂၀၂ဝ ပြည့်နှစ်က နောက်ဆုံး အကြိမ်ရရှိခဲ့ပြီး စုစုပေါင်း ဆုဖလား ၆ ကြိမ် ဆွတ်ခူးရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up