close

ထိုင်းတောင်ပိုင်းတွင် ကျွဲအကောင် ၂၀၀ ကျော် အစာငတ်ပြတ်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလုန်းခရိုင်၊ ခွန်းခနွန်မြို့နယ်ထဲမှာ ကျွဲတွေအစာငတ်ပြတ်ပြီး အကောင်‌ရေ  ၂၀၀ ကျော် သေဆုံးကာ နောက် ၃၀၀ ကျော်လည်း အစာခက်ခဲနေတယ်လို့  ဧပြီ ၁၂ ရက်  Thai PBS သတင်းမှာ ဖော်ပြပါတယ်။ 

ခွန်းခနွန်မြို့နယ် ထလေးနွဲ့ကျေးရွာအုပ်စုက အင်းအိုင်ကြီးထဲမှာ သေဆုံးထားတဲ့ကျွဲအရိုးတွေ၊ ပုပ်ပွနေတဲ့ ကျွဲအလောင်းတွေ ပြန့်ကြဲနေတယ်လို့ လယ်သမားတယောက်က  သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါကျွဲတွေဟာ အစာငတ်ပြတ်သေဆုံးကြတာဖြစ်ကြောင်း၊ သူတို့ဆီမှာ ဒီနှစ်ထဲ အချိန်အ ခါမဲ့မိုးရွာလို့ ရေလွှမ်းမိုးနေတာ ၃ ကြိမ်ရှိသွားပြီဖြစ်ပြီး ကျွဲစားကျက်မြက်တောတွေ မရှင်သန်နိုင်တော့ဘဲ အမြစ်တွေပုပ်ပွပျက်စီးကုန်ကြောင်း၊ သာမန်ကျွဲတကောင်ဟာ တနေ့ကို မြက်အလေးချိန် ၃၀ ကီလိုခန့်စားသုံးပြီး အခုလိုမြက်ရှားပါးတော့  ကျွဲတွေလည်း အစာငတ်ပြတ် ကြုံလှီသေဆုံးကုန်တာလို့  လယ်သမားက ပြောပါတယ်။ 

“ကျွဲအကောင်ရေ ၁၅၀ ရှိတာမှာ  အကောင် ၅၀ ကျော်သေဆုံးသွားတယ်။ သေသွားတဲ့ကျွဲအများစုဟာ နို့ဖြတ်ကာလ သက်တမ်း တ်နှစ်အောက်ကျွဲငယ်တွေဖြစ်ပြီး ရေကြီး လာတော့ ကူးခတ်ဖို့အားအင်မရှိဘဲသေကုန်တာ။”

ကျွဲတွေသေဆုံးမှုရှိကြောင်း တိုင်ကြားချက်ရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိရစ္ဆာန်မွေးမြူ ရေးနဲ့ကုသရေးဌာနတာဝန်ရှိသူတွေက မနေ့က နယ်မြေထဲလာရောက် ကွင်းဆင်းစစ်ဆေးရာမှာ အဆိုပါ ထလေးနွဲ့ရွာမှာ သေဆုံးသွားတဲ့ ကျွဲအကောင်ရေ ၂၀၀ ကျော်သွားပြီဖြစ်ပြီး ကျန်တဲ့ ၃၀၀ ကျော်လည်း အငတ်ဘေးကြုံနေလို့ မြက်ခြောက်နဲ့အာဟာရတွေ အရေးပေါ်ထောက်ပံ့ကူညီဖို့ လုပ်နေတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။ 

Source- Thai PBS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up