close

ဟင်္သာတမြို့ရှိ စစ်ကောင်စီ ဗဟိုမ​ဏ္ဍပ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ဘုရားလမ်းပေါ်မှာ စစ်ကောင်စီက သင်္ကြန်ရေသဘင်ပွဲအတွက် ဆောက်လုပ်ထားတဲ့ ဗဟိုမ​ဏ္ဍပ်မှာ  ဧပြီ ၁၂ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်တာ  မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက  “မနေ့ညက ဘောက်နဲ့ သီချင်းဖွင့်တာ ဆူညံနေတာပဲ။ ညက နောက်ကျတဲ့အထိ ဖွင့်တာ။ အဲဒီတော့ နားမခံနိုင်လို့ ခွဲတယ်ထင်ပါတယ်။ အဲဒီလိုခွဲလိုက်တော့ ဒီမနက်ပိုင်း ငြိမ်သွားတယ်။ မ​ဏ္ဍပ်လည်း နည်းနည်းပျက်စီးသွားတာ ရှိတယ်”လို့ ပြောပါတယ်။

ဗုံးကွဲပြီးမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ပတ်ဝန်းကျင်တဝိုက်နဲ့ မိခင်နဲ့ကလေးရုံမှာ အင်အား ၁၀၀ လောက်တပ်စွဲပြီး ကင်းပုန်းဝပ်နေတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတော့ မ​ဏ္ဍပ်မှာ ဗုံးခွဲတာဟာ သူတို့ရဲ့လက်ချက်ဖြစ်ပြီး ဖောက်ခွဲမှုဖြစ်စဉ်မှာ ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ အစီအစဉ်တချို့ ဖျက်သိမ်းခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up