close

လမ်းမတော်မြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူ ၉ ဦး စစ်တပ်က ဖမ်းဆီး

ဓာတ်ပုံ - လမ်းမတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ ယခင် ရှာဖွေဖမ်းဆီးမှု ပြုလုပ်စဉ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ အမှတ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အောင်လွင်နဲ့ အမှတ် ၉ ရပ်ကွက်၊ လက်ရှိအုပ်ချုပ်ရေးမှူး ကိုနိုင်အောင်(ခ) ကိုရှည်ကြီးတို့ အပါအဝင် ပြည်သူ ၉ ယောက်ကို ဧပြီ ၁၁ ရက် ည ၁၁ နာရီဝန်းလောက်မှာ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့  ဒေသခံက  ပြောပါတယ်။ 

အဖမ်းခံရတဲ့ ပြည်သူတွေထဲမှာ အန်အယ်လ်ဒီ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်တယောက်၊ အမှတ် ၄ ရပ်ကွက် ၉ လမ်းမှာ  နေထိုင်သူ ၃ ယောက်နဲ့ ပရဟိတသမား ၃ ယောက်တို့ ပါဝင်ပါတယ်။ 

လမ်းမတော်မြို့နယ်မှာ နေထိုင်သူတယောက်က "ဘာအကြောင်းပြချက်မှမရှိဘဲ မတရား ဖမ်းဆီးသွားတာပါ။ သူတို့လာဖမ်းတဲ့အချိန်မှာ ရပ်ကွက်ကို မီးဖြတ်ထားပြီး အဖမ်းခံရတဲ့သူတွေကို ခေါင်းစွပ်တွေစွပ်သွားတယ်။ လက်နောက်ပြန်လက်ထိတ်ခတ်သွားတယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး" လို့ပြောပါတယ်။

လမ်းမတော်မြို့နယ်၊ လုံခြုံရေးနဲ့အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို ဧပြီ ၁၀ ရက် ညနေပိုင်းက “နန်းထိုက်အောင်” စစ်ဆင်ရေးအရ မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက်တရက်မှာ ပစ်ခတ်မှုနဲ့ဘာမှမဆိုင်တဲ့  ရပ်ကွက်တွင်းနေတဲ့ အရပ်သားတွေကို   ဖမ်းဆီးခဲ့တာဖြစ်ပတယ်။

ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ ကြည်း-၄၂၉၃၇ က ဖြစ်ပြီးအရင်က ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ  DSA အပတ်စဉ် ၄၈ ဆင်း  ကွန်ပျူတာအထူးပြုနဲ့ ဘွဲ့ရရှိထားသူဖြစ်ပြီး ရုရှားမှာ ME ဘွဲ့ရယူခဲ့သူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up