close

မြစ်ကြီးနားတွင် သင်္ကြန်အကြိုနေ့ ကြံ့ခိုင်ရေးပါတီရုံး ဗုံးကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ သင်္ကြန်အကြိုနေ့ မနက် ၁၁ နာရီခွဲလောက်က  ယုဇနရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အနောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မြို့ခံတယောက်က “စကစ ကလုပ်တဲ့ သင်္ကြန်မနက်ပိုင်း အစီအစဥ်တွေလုပ်ပြီးတဲ့ အချိန်လောက်တုန်းက ပေါက်တာ၊ စကစကလုပ်တဲ့ သင်္ကြန်မဏ္ဍပ်မှာတော့ မဟုတ်ဘူး၊ ယုဇနရပ်ကွက်က ကြံ့ဖွတ်ရုံးနောက်မှာ ပေါက်တာ”လို့ ပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ သင်္ကြန်အစီအစဉ်ကို မနက်ပိုင်း ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန်ပြုလုပ်ပြီး ညနေပိုင်း မြို့တော်ခန်းမနဲ့ ပြည်နယ်အစိုးရရုံ းကြားက လမ်းမပေါ်မှာ လုံခြုံရေးတွေအပြည့်နဲ့ ပြုလုပ်ခဲ့တာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်တာမရှိဘဲ ပါဝင်ဆင်နွှဲသူ အများစုက  စစ်ကောင်စီ မိသားစုဝင်တွေနဲ့ CDM မပြုလုပ်တဲ့ ဝန်ထမ်းတွေသာဖြစ်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီ ပြင်ဆင်ထာတဲ့ သင်္ကြန်မုခ်ဦးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ သင်္ကြန်ကာလ မတိုင်ခင်ကတည်းက စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရုံးနဲ့ အဆောင်အအုံပတ်ဝန်းကျင်တွေမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိသလို စစ်ကောင်စီက သေနတ်ပစ်နဲ့ ပစ်ခတ်တာတွေလည်း လုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up