ရုရှားသမ္မတပူတင်၏ လုပ်ရပ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ဟု ဂျိုးဘိုင်ဒင်ပြော

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့လုပ်ရပ်တွေဟာ ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြစ်ပြီး ဗလာဒီမာပူတင်က ယူကရိန်းလူမျိုး ဖြစ်တည်မှုကို သုတ်သင်ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
“ကျနော် လူမျိုးတုံးသတ်ဖြတ်မှုလို့ပဲ ခေါ်ဝေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းလူမျိုး ဖြစ်ခြင်းဆိုတဲ့ အယူအဆကို ပူတင်က ဖျက်ဆီးချေမှုန်းပစ်ဖို့ ကြိုးစားနေတာ ပိုပိုပြီး မြင်လာနေရလို့ပါ။ သက်သေအထောက်အထားတွေ တောင်လိုပုံနေတာပဲလေ” လို့ အိုင်အိုဝါပြည်နယ် စီးပွားရေးညီလာခံတခုက အပြန် သတင်းသမားတွေကို ပြောခဲ့တာပါ။
ဘိုင်ဒင်က “လူမျိုးတုံးသတ်ဖြတ်မှု အမှုမြောက်မမြောက် နိုင်ငံတကာ ရှေ့နေတွေကို ဆုံးဖြတ်ခွင့်ပေးမှာပါ။ ဒါပေမဲ့ ကျနော်မြင်တာတော့ သေချာနေတယ်” လို့ ပြောပါတယ်။