ဂျေရုဆလင်မြို့ဟောင်းတွင် အစ္စရေးရဲနှင့် ပါလက်စတိုင်းတို့ ပဋိပက္ခဖြစ်

ဂျေရုဆလင်မြို့ဟောင်းရှိ အယ်လ်-အက်ဆာ ဗလီဝင်းအတွင်း ဧပြီ ၁၅ မနက်ပိုင်း ဝတ်ပြုဆုတောင်းအပြီး လုံခြုံရေးချထားတဲ့ အစ္စရေးရဲတွေနဲ့ မျက်နှာဖုံးစွပ် ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့ ပါလက်စတိုင်းတွေကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အစ္စရေးနိုင်ငံမှာ အာရပ်တို့ရဲ့ လမ်းပေါ်တိုက်ခိုက်မှုတွေနဲ့ ဂါဇာဒေသ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးအဖွဲ့တွေ အရေးပေါ် တိုးမြှင့်ချထားတာပါ။
အခုလမှာ မွတ်ဆလင်တွေရဲ့ မြင့်မြတ်တဲ့ ရာမာဒန်ဥပုသ်လ၊ ဂျူးဘာသာဝင်တို့ရဲ့ ပသခါပွဲနဲ့ ခရစ်ယာန်တို့ရဲ့ အီစတာပွဲတော်တို့ တိုက်ဆိုင်နေပြီး ဂျေရုဆလင်မှာ တင်းမာမှုတွေ မြင့်နေတာပါ။
အဲဒီဝင်းအတွင်းမှာ ဂျူးတွေ အရိုသေအလေးအမြတ်ထားတဲ့ Temple Mount နဲ့ မွတ်ဆလင်တို့ရဲ့ မြင့်မြတ်တဲ့ အယ်လ်-အက်ဆာ ဗလီ ရှိပြီး နှစ်ဖက်အုပ်စု အကြမ်းဖက်မှုဖြစ်ပွားနေတာကြောင့် ရဲတွေက ဝင်းထဲ ဝင်ခဲ့ရတာလို့ ပြောပါတယ်။
ပါလက်စတိုင်း လခြမ်းနီ လူနာတင်ဝန်ဆောင်မှုအဖွဲ့က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။