ဘူချာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် အလောင်းများ ပြန်ဖော်

ယူကရိန်းနိုင်ငံ၊ ဘူချာမြို့မှာ ရုရှားတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခဲ့တဲ့ အလောင်းတွေကို အလုပ်သမားတွေက ပြန်လည်တူးဖော်နေတာကို ရိုက်တာသတင်းဌာနက ဒရုန်းနဲ့ ဗီဒီယိုရိုက်ယူထားပါတယ်။
အဖြူရောင် အကာအကွယ်ဝတ်စုံဝတ်ထားတဲ့ အလုပ်သမားတွေက ဧပြီ ၇ ရက်ကတည်းက အလောင်းတွေ ပြန်တူးဖော်နေတာပါ။
နိုင်ငံတကာ စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ရုရှားတပ်တွေ ဆုတ်ခွာစဉ် ဘူချာမှာ အရပ်သားတွေ အများအပြား သတ်ဖြတ်ခဲ့တာကို အတည်ပြဖို့ ရောက်ရှိနေတာပါ။
ပူတင်အစိုးရကတော့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိကြောင်း ငြင်းဆိုပြီး ယူကရိန်းအစိုးရနဲ့ နိုင်ငံတကာက ရုရှားကို သိက္ခာချဖို့ လုပ်နေတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။