close

အရပ်သားအများအပြား သတ်ဖြတ်ခံရသည့် ဘူချာမြို့သို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ သွားရောက်

ရုရှားတပ်တွေ ဆုတ်ပြေးစဉ် ယူကရိန်း အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ ဘူချာမြို့ကို ဧပြီ ၈ ရက်နေ့က ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အာဆူလာဟာ ယူကရိန်းဝန်ကြီးချုပ်၊ အီးယူနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ လူအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဘူချာမြို့ ခရစ်ယာန်ဘုရားကျောင်း အနောက်ဘက် ကွင်းနေရာကို သွားကြည့်ခဲ့တာပါ။

အာဆူလာက “ဒီမှာ ဖြစ်ပျက်နေတာတွေကြည့်ပြီး ပူတင်စစ်တပ်ရဲ့ ရက်စက်ကောက်ကျစ်တဲ့ မြေခွေးမျက်နှာတွေ သွားမြင်မိတယ်။ မြို့ကို တခဏသိမ်းပိုက်ထားချိန်မှာ နှလုံးသားမရှိ သွေးအေးအေးနဲ့ လူမဆန်အောင် လုပ်သွားတာ ရွံ့ဖို့ကောင်းပါတယ်။ ဘူချာမှာ ကျမတို့လူသားတွေ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတာ၊ ဘူချာကလူတွေအတွက် ကမ္ဘာက ငိုကြွေးနေမယ်၊ အခုစစ်ပွဲဟာ လူသားထုကို ကာကွယ်တဲ့ စစ်ပွဲ၊ ဥရောပနယ်နမိတ်ကို ကာကွယ်တဲ့ စစ်ပွဲပါ” လို့ ပြောပါတယ်။

အဆူလာက ယူကရိန်းဟာ ပြာပုံဘဝကနေ မကြာခင် စံပြဒီမိုကရက်တနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ပြောပြီး ဥရောသမဂ္ဂအဖွဲ့ဝင်အဖြစ်လည်း ကြေညာတော့မယ်လို့ ပြောခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up