close

သင်္ကြန်အတက်နေ့ မန္တလေးကျုံးရှေ့မှလွဲ၍ ကျန်တမြို့လုံး ခြောက်ကပ်နေ

မန္တလေးမြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ကျုံးရှေ့မှာ အရင်နေ့ကထက် ပိုပြီးလူ စည်းကားအောင် စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ ဝန်ထမ်းတွေအများစုလာရောက် ရေကစားတာ တွေ့ရပြီး မြို့ပေါ် အဓိကလမ်းမကြီးတွေနဲ့တခြားနေရာတွေမှာတော့ ပြည်သူလူထုတွေ ရေကစားခြင်းမရှိဘဲ ခြောက်ကပ်နေပါတယ်။ 

ကျုံးတောင်ဘက် ၂၆ ဘီလမ်းတလျှောက် ၆၆ လမ်း ကနေ ၇၃ ကြားအထိ၊ ကျုံးရှေ့ ၁၉ လမ်းကနေ ၂၆ လမ်းထိ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မန္တလေးမြို့ခံတစ်ဦးကတယောက်က ပြောပါတယ်။ သင်္ကြန်ရေကစားမယ့် ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ အသိုင်းအဝိုင်းကို တိုင်းရဲရုံးက လုံခြုံရေးကတ်တွေထုတ်ပေးထားပြီး  ကတ်မပါတဲ့ အပြင်လူတွေကိုတော့ တင်းကျပ် စစ်ဆေးတယ်လို့လည်း ဆိုပါတယ်။

သွားရောက်လေ့လာခဲ့သူ မြို့ခံတစ်ဦးက "အများစုက ဝန်ထမ်းတွေ၊ တပ်က သူတို့လူတွေ လာကစားကြတာ အပြင်လူတွေကို သေသေချာချာကို စစ်တာစစ်ဆေးပြီးမှ ဝင်ကစားခွင့်ပြုတယ်။ အတွင်းလူတွေအတွက် ကတ်တွေ ထုတ်ပေးထားတာလေ။ ဝင်လို့ရတယ် အပြင်လူကြတော့ ကတ်မပါတော့ တအားစစ်တယ်။ လမ်းလျှောက်သင်္ကြန်က ကျုံးတောင်ဘက်မှာ။ ကျုံးရှေ့ ၁၉ ကနေ ၂၆ လမ်းထိက လူစည်တယ် သူတို့လူချည်းပဲလေ။ ကျုံးနောက်နဲ့ မြောက်မှာတော့ ရေကစားသူ လုံးဝမရှိဘူး။ လမ်းတွေ ဖွင့်ထားတယ်။ မြို့ထဲမှာလည်း လည်တဲ့သူတွေ မရှိဘူး ရှင်းနေတယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။

၏အရင်နှစ်တွေက မန္တလေးမြို့တော် ကျုံးပတ်လည်မှာရော မြို့နေရာ အနှံ့အပြားမှာ ရေကစားထွက်ကားတွေနဲ့ တိုးတိုးကြိတ်နေအောင် စည်ကားခဲ့ပေမဲ့ အခုနှစ် စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာတော့ ပြည်သူလူထုတွေ ရေကစားခြင်းမရှိပဲ တော်လှန်သင်္ကြန်ဆင်နွှဲနေတဲ့အတွက် ရေကစားထွက်သူ အတော်လေးနည်းပါးခဲ့ခဲ့တယ်လို့ဆိုပါတယ်။

ဈေးဆိုင်တွေ ပိတ်ထားသလို နေအိမ်တွေရှေ့မှာလည်း ရေကစားတာ မရှိသလောက်နည်းပါးပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တချို့မှာတော့ ကလေးငယ်တချို့ ရေကစားနေကြပေမယ့် လူကြီးတွေကတော့ ရေကစားတာ မရှိပါဘူး။

သင်္ကြန်ကာလအတွင်း နှစ်စဉ် လူအစည်ကားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဦးပိန်တံတားမှာလည်း လူသူ သိပ်မရှိဘဲ ဒုဌဝတီမြစ်ဘေးက အပန်းဖြေစခန်းတွေမှာ သွားရောက်ရေကစားလည်ပတ်နေကြတာရှိတယ်လို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up