close

ယင်းမာပင်တွင် စစ်ကောင်စီယာဉ် ၂ စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့ ယာဉ် ၂ စီးကို ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့​တွေက  တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောင်​ဇေယျကွက်သစ် (​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း) ဘက်က​နေ ဘန့်​ဘွေးရွာမ​ကျေးရွာဘက်ကိုသွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ယာဉ် ၂ စီးကို  မုံရွာ ယာကြီး က​လေးဝလမ်း ၅ မိုင်တိုးဂိတ်အနီးမှာ ​ဒီက​နေ့ မနက်ပိုင်း ၈ နာရီခွဲ​လောက် PDF ပူးပေါင်းအဖွဲ့​က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်​ စစ်​ကောင်စီတပ်ဖွဲ့က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် ​ရှေ့ဆက်မသွားနိုင်ခဲ့ဘဲ ​ရွှေ​တောင်ဦးကုန်းဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ ဒေသခံ‌ပြောက်ကျားတပ်ဖွဲ့ ချိုမိုင်မိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၁၆ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့ ခရိုင်စု​ပေါင်းရုံးနဲ့ ရဲစခန်းတို့ကို PDF ပူး​ပေါင်းအဖွဲ့​တွေက တိုက်ခိုက်ခဲ့ကြပြီး စစ်​ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်​ပေမယ့် အ​ရေအတွက်မသိရ​သေးဘဲ ပူး​ပေါင်းအဖွဲ့ဘက်က ရဲ​ဘော် ၁ ဦး ​​ကျဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  PDF အဖွဲ့ဝင်တဦးက ​ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ဘိုး​​တော်နီ PDF အဖွဲ့က  အသက် ၂၃ နှစ်အရွယ် ​ရဲ​ဘော် မော်တာ ကျဆုံးခဲ့ရပြီး အသက် ၂၀ ​ကျော်အရွယ်​ ရဲ​ဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ စစ်​ကောင်စီတပ်ကို အသုံးပြုတိုက်ခိုက်တဲ့ လက်နက်ပစ္စည်းချို့ယွင်းမှု​ကြောင့် မ​တော်တဆဖြစ်ရာက​နေ အခုလို ထိခိုက်ကျဆုံးခဲ့ရတာလို့ ​တိုက်ခိုက်​ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ​ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ မြို့​ပေါ်အပါအဝင် ​ကျေးလက်နယ်​တွေက ဒေသခံပြည်သူ​တွေဟာ သင်္ကြန်ကာလ ရေကစား​ပျော်ပါးခြင်းမရှိဘဲ စစ်​​ကောင်စီကို သပိတ်​မှောက်ဆန္ဒ​ဖော်ထုတ်ခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီကတော့ ယင်းမာပင်ခရိုင်စု​ပေါင်းရုံးအတွင်းမှာ လုံခြုံ​ရေးအပြည့်ယူပြီး အချိန်အနည်းငယ်​ ဖွင့်ပွဲ​ပုံစံပြုလုပ်ခဲ့ကြပေမဲ့ ယင်းမာပင်မြို့တွင်းမှာ​တော့ ​ရေကစားမဏ္ဍပ်မရှိသလို မြို့​ပေါ်လမ်း​တွေလည်း လူသွားလူလာမရှိသ​လောက် နည်းပါးခဲ့တယ်လို့ ​ဒေသခံ​တဦးက ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up