close

လူကာကူအတွက် အနာဂတ်မပျောက်ရန် အချိန် ၆ ပတ်သာကျန်ရှိဟု ဂျိုကိုး သတိပေး

တိုက်စစ်မှူး လူကာကူအနေနဲ့ ချဲလ်ဆီးအသင်းမှာ အနာဂတ်မပျောက်ဖို့အတွက် အချိန် ၆ ပတ်သာ ကျန်ရှိတော့တယ်လို့ အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးက သတိပေးသွားပါတယ်။ 

တိုက်စစ်မှူး လူကာကူဟာ အခုနှစ်ရာသီအစက အင်တာမီလန်ကနေ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာပါ။ 

မနေ့က ကစားသွားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ဂိုးရအောင်သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ အပေါ် ဂျိုကိုးက သတိပေးခဲ့တာပါ။ 

လူကာကူဟာ ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်က မစ်ဒယ်ဘရော့နဲ့ အက်ဖ် အေဖလားပွဲစဉ်မှာ ၁ ဂိုးသွင်းခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်းခြင်းမရှိတော့တာပါ။ 

လူကာကူရဲ့နေရာမှာ တိုက်စစ်မှူး ခိုင်ဟာဗက်ဇ်ကို နည်းပြတူချယ်က အစားထိုးအသုံးပြုနေပြီး အသင်းမှာ အနာဂတ်ပျောက်မသွားဖို့အတွက် အချိန် ၆ပတ်သာကျန်တော့တယ်လို့ ဂျိုကိုးကသုံးသပ်ခဲ့တာပါ။ 

“လူကာကူ အနေနဲ့ သူ့ရဲ့ချဲလ်ဆီးကစားသမားဘဝကို ကယ်တင်ဖို့အတွက် အချိန် ၆ ပတ်သာ ကျန်ရှိပါတော့တယ်။ ဝါနာကတော့ အရှုံးမပေးဘဲ ကြိုးစားခဲ့လို့ ခြေစွမ်းကောင်းတချို့ပြန်ရလာခဲ့တယ်။ လူကာကူအနေနဲ့ ဝါနာလို စွမ်းဆောင်ပြဖို့ လိုအပ်နေပေမယ့် အခွင့်အရေးတွေ လွဲချော်နေဆဲပါပဲ” လို့ ဂျိုကိုးက ပြောပါတယ်။    

အခုနှစ်ရာသီပွဲစဉ်တွေ အားလုံးဟာ လာမယ့်မေလအတွင်းမှာ အဆုံးသတ်မှာဖြစ်ပြီး လူကာကူအနေနဲ့ အချိန် ၆ ပတ်ပဲ ကျန်ရှိတော့တာကို ဂျိုကိုးက သတိပေးသွားခဲ့တာပါ။ 

မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ လူကာကူဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေသေးဘူးလို့ ဝေဖန်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up