အီရန်တပ်မတော်နေ့ ကျင်းပ၊ နိုင်ငံ့အကျိုးစီးပွားဆန့်ကျင်မှုမှန်သမျှ တိုက်ခိုက်မည်ဟု သမ္မတပြော

အီရန်နိုင်ငံမှာ မြို့တော်တဟီရန်မှာ နိုင်ငံရဲ့ တပ်မတော်နေ့ အခမ်းအနားကို ဧပြီ ၁၈ ရက်က ကျင်းပခဲ့ပြီး သမ္မတ အီဘရာဟင် ရိုင်စီ တက်ရောက်ပါတယ်။
အီရန်စစ်တပ်က တင့်ကားတွေ၊ အမြောက်တွေ၊ အီလက်ထရောနစ် စနစ်သုံး စစ်လက်နက် ပစ္စည်းတွေ၊ မစ်ဇိုင်း ဒုံးတွေ၊ ဒရုန်းတွေနဲ့ တခြား လက်နက်တွေကို ထုတ်ပြလာပါတယ်။
စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ သမ္မတ ရိုင်စီက ပြင်ပက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘယ်လိုပဲ ရှိနေပေမဲ့ အီရန်ဟာ ကိုယ်ပိုင်ဖွံ့ဖြိုးရေး လမ်းကြောင်းကို ချီတက်သွားမယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်တာမှန်သမျှကိုလည်း အီရန် စစ်တပ်က တိုက်ခိုက် သွားမယ်လို့လည်း ပြောသွားပါတယ်။