close

အကြမ်းဖက်စစ်သူပုန်များကို လူထုကိုယ်တိုင် တိုက်ခိုက်နှိမ်နင်းရန် ဗိုလ်နဂါးနှိုးဆော်

တော်လှန်ရေးကို အခုအချိန်ကစတင်ကာ အရှိန်မြှင့်လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံတဝန်းက ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ရဲဘော်တွေအားလုံး အတူလုပ်ဆောင်ကြဖို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက နှိုးဆော်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူထုရွေးချယ်တင်‌မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို လက်နက်ကိုင်ပြီး အနိုင်ကျင့်ဖြုတ်ချ အုပ်ချုပ်ခွင့်ကို ဓားပြတိုက်ယူထားတဲ့အတွက် ပြည်သူလူထုဘဝ နေ့စဉ်ဒုက္ခမျိုးစုံခံစားနေကြရကာ ပြည်သူအများစုက သူတို့ကို အကြမ်းဖက်သူပုန်အဖြစ် သတ်မှတ်ထားခဲ့ကြပြီဖြစ်တာမို့ တိုက်ခိုက်နှိမ်နင်း ဖမ်းဆီးအရေးယူတာတွေကို ပြည်သူလူထုကိုယ်တိုင် ရဲရဲဝံ့ဝံ့ပြုလုပ်ကြရတော့မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သူပုန်တွေတင်မက ဝန်းရံပံ့ပိုးပေးနေကြသူတွေ၊ ဒါမှမဟုတ် ပြည်သူကို သစ္စာဖောက်ဖျက်ပြီး အဆိုပါစစ်သူပုန်တွေနဲ့ အတူပါဝင်ပြီး သူတို့စီမံမှုအတိုင်း လိုက်ပါလုပ်ဆောင်နေကြတဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်ကြီးငယ်တွေ၊ အင်တာနက်သုံးစွဲခြင်းအပေါ် ဖြတ်တောက်ပိတ်ပင်၊ ဝန်ဆောင်ခတွေ ဈေးတင်ကာ ပြည်သူ့အခွင့်အရေးကို စစ်သူပုန်နဲ့ပေါင်းပြီး ချိုးဖောက်နေကြတဲ့ ဖုန်း‌အော်ပရေတာမှဝန်ထမ်းကြီးငယ်တွေ၊ ပြည်သူတွေရဲ့ ငွေကြေးစီးကြောင်းကို ဘဏ်အကောင့်တွေပေါ်က အနိုင်ကျင့်သိမ်းယူနေတဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ဝန်ထမ်းကြီးငယ်တွေအားလုံးကိုပါ ဖမ်းဆီးအရေးယူဖို့ အချိန်ကျရောက်လာပြီလို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာ့တော်ဝင်နဂါးတပ်တော်အနေနဲ့ အကြမ်းဖက်စစ်သူပုန်တွေနဲ့ အပေါင်းပါတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ နေရာတွေ ပြင်ဆင်ထားပြီးဖြစ်တာမို့ ပြည်သူတွေအနေနဲ့ ဆက်သွယ်သတင်းပေးတာတွေ၊ ဖမ်းဆီးအပ်နှံတာတွေ ပြုလုပ်နိုင်ပြီး တခြားမနီးစပ်တဲ့ ဒေသတွေက အဖွဲ့အစည်းတွေ ရဲဘော်တွေအနေနဲ့လည်း အလျဉ်းသင့်သလို စီမံကာ အမြန်အရေးယူဆောင်ရွက်ကြဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။

အဲဒီလို လုပ်ဆောင်ပါက တလအတွင်း စစ်သူပုန်နဲ့အ‌ပေါင်းအပါတွေ သွေးပျက်ခြောက်ခြားလာပြီး အာဏာလုအိပ်မက်ပျက်စီးလုနီးနီး ဖြစ်ကြတော့မှာကို အသေအချာတွေ့မြင်ရမယ်လို့ ဆိုပါတယ်။

သိရှိလိုတဲ့ တိုင်း ခရိုင် မြို့နယ် အလိုက် ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ညွှန်မှူး၊ လ/ထညွှန်မှူး၊ ဦးစီးနဲ့ ဒုဦးစီးစတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အမည်နဲ့ အချက်အလက်တွေလည်း နေပြည်တော်အထိ သူ့ဆီမှာ CB ကတဆင့် လာရောက်တောင်းယူနိုင်တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up