ဘန်ကောက် လေဆိပ်တွင် နိုင်ငံခြားပို့မည့်လိပ် ၃၄ ကောင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက် သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်မှာ နိုင်ငံခြားကိုတင်ပို့မယ့် လိပ် ၃၄ ကောင်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ သဘာဝတောရိုင်းတရိစ္ဆာန်နဲ့ သစ်တောထိန်းသိမ်းရေး ဌာနက ဒီကနေ့မနက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဧပြီ ၂၁ ရက် ညနေ ၆ နာရီခွဲလောက်က လေဆိပ် စာတိုက်ကြီးက တာဝန်ရှိသူတွေဟာ နိုင်ငံခြားကိုပို့မယ့် ပါဆယ်ထုတ်တွေကို X-ray စက်နဲ့ပါစစ်ဆေးစဉ် မသင်္ကာဖွယ်အထုပ် ၇ ထုပ်ကို တွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့် လေဆိပ်က တိရစ္ဆာန်နဲ့ ပင်လယ်ငါး စစ်ဆေးရေး ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး အထုပ်ကို ဖွင့်ဟစစ်ဆေးရာမှာ တိပ်အမည်းတွေနဲ့ ပတ်ထားတဲ့ လိပ်အရှင် ၃၄ ကောင်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါလိပ်တွေမှာ သဘာဝတောရိုင်းတိရစ္ဆာန်နဲ့သစ်တောထိန်းသိမ်းရေးဌာနက တားမြစ်ထားတဲ့ အရေခွံကျားသစ်ကွက်ရှိ လိပ်မျိုး ၊ အရေခွံကြယ်ပွင့်ပုံပါလိပ်မျိုးတွေဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ လိပ်မူ ထားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဆိုပါလိပ်တွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းလိုက်ပြီး လောလောဆယ်တိရစ္ဆာန် ကုသရေးဌာနကို ပို့ဆောင်ထားကြောင်း၊ လိပ်တင်ပို့မယ့်သူကို စုံစမ်းဆက်သွယ်ပြီး သဘာဝတောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။