close

ကီယက်ဗ်မြို့ မြေအောက်ဘူတာတွင် ယူကရိန်းသမ္မတ သတင်းစာရှင်းလင်း

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ စနေနေ့က ကီယက်ဗ်မြို့ မက်ထရို မြေအောက်ရထား ဘူတာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာသတင်းဌာနတွေက ဂျာနယ်လစ် တဒါဇင်လောက် တအံ့တသြ တက်ရောက်ခဲ့ကြပါတယ်။ 

ဒါဟာ ထင်မှတ်မထားတဲ့ သတင်းစာရှင်းလင်းပွဲတခုဖြစ်ပြီး သတင်းသမားတွေအတွက်ရော၊ အထူးသဖြင့် သမ္မတ ဇလန်းစကီး လုံခြုံရေးအတွက် သင့်တော်တဲ့ နေရာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားတွေက ပြောပါတယ်။  

ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းသတင်းဌာနက သတင်းထောက် ကာနာရီလည်း သတင်းစာရှင်းလင်း ပွဲကို တက်ရောက်ခဲ့ပြီး ဒီလို သတင်းစာရှင်းလင်းပွဲမျိုးကို သူ့ဘဝမှာ  ပထမဆုံး တက်ဖူးတာပဲလို့ ပြောပါတယ်။ 

ဒီသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇလန်းစကီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး  Lloyd Austin  လွိုက်အော်စတင်တို့ တနင်္ဂနွေနေ့မှာ ယူကရိန်းကို ရောက်လာဖို့ ရှိကြောင်းနဲ့ ယူကရိန်းရဲ့ခုခံစစ်အတွက် အကြီးစား လက်နက်အကူအညီ ရရှိဖို့ မျှော်လင့်ထားတယ်လို့ အမှတ်မထင် ကြေညာသွားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up