ရုရှားက နျူကလီးယားလက်နက်ဖြင့်တိုက်ခိုက်နိုင်၊ အသင့်ပြင်ထားရန် ကမ္ဘာကို ယူကရိန်းသမ္မတ သတိပေး

ရုရှားဘက် နျူကလီးယားလက်နက်ကို အသုံးပြုပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်တာ ကြောင့် ကမ္ဘာကြီးက အသင့်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတက သတိပေးလိုက်ပါတယ်။
ဧပြီ ၁၆ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမိန့်ခွန်းမှာ သမ္မတ ဇီလန်စကီးက အခုလို သတိပေး လိုက်တာဖြစ်ပြီး ခိုင်လုံတဲ့ အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။
သူ့မိန့်ခွန်းထဲမှာ ယူကရိန်း သမ္မတက ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ အီတလီနဲ့ တူရကီတို့ အပါအဝင် နိုင်ငံတွေ တော်တော်များများဟာ ရုရှားရဲ့နယူးကလီးယား အန္တရာယ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ပြောသွားပါတယ်။
“ကမ္ဘာကြီးက စောင့်ဖို့ မလိုအပ်တော့ပါဘူး။ အဘက်ဘက်က ပြင်ဆင်ထားဖို့ လိုပါတယ်။”လို့ ယူကရိန်း သမ္မတ ဇီလန် စကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းက နိုင်ငံတကာဆီက လက်နက်အကူအညီတွေကို ရရှိနေပေမယ့် မလုံလောက်သေး ဘူးလို့လည်းပြောသွားပါတယ်။