ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော် မြူနစ်မြို့တွင် ကျင်းပ

ဘီယာယဉ်ကျေးမှုနဲ့ နာမည်ကျော်တဲ့ ဂျာမနီနိုင်ငံ မြူနစ်မြို့မှာ ၂ နှစ်ကြာ မကျင်းပဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်ကို ဧပြီ ၂၉ ရက် သောကြာနေ့က ပြန်လည် ကျင်းပပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်က ကိုဗစ် - ၁၉ ကပ်ဘေးကြောင့် လူစုလူဝေးနဲ့ ဘီယာပွဲတော်ကို မကျင်းပဖြစ်ခဲ့ဘဲ ဒီနှစ်မှာ ပြန်လည် ပထမဆုံး ပြန်လည် ကျင်းပကြတာပါ။
အော့ခ်တိုဘာဖက်ဒ် Oktoberfest ဘီယာပွဲတော်ကို ပြန်လည်ကျင်းပဖို့ သေသေချာချာ စဉ်းစားခဲ့ရတဲ့အကြောင်း မြို့တော်ဝန် ဒိုက်ယက်တာ ရိုင်တာက သတင်းထောက်တွေကို ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေး ဆက်ရှိနေသလို၊ ယူကရိန်းမှာ စစ်ဖြစ်နေတာကြောင့် ဒီလိုပျော်ပွဲရွှင်ပွဲကို ကျင်းပဖို့ အလေးအနက် စဉ်းစားခဲ့ရတယ်လို့ ပြောပါတယ်။
နာမည်ကျော် အော့ခ်တိုဘာဖက်ဒ် ဘီယာပွဲတော်ကြောင့် မြူနစ်မြို့ဆီ နှစ်စဉ် လူ ၆ သန်းလောက် လာကြပါတယ်။
နိုင်ငံခြားတိုးရစ်တွေလည်း ဘီယာပွဲတော်အမီ မြူနစ်မြို့ဆီ အရောက်လာကြပြီး အပေါင်းအသင်း တွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့ကြလေ့ရှိပါတယ်။