close

PDF ပူးပေါင်းအဖွဲ့က ဒီပဲယင်းရဲစခန်းကို ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်း ရဲစခန်းအတွင်း ကင်းပုန်းဝပ်‌နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မေ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးသွားတယ်လို့ ဗိုလ်ကောင်းကင် (Kaung kin-PDF) က ပြောပါတယ်။

ဧပြီ ၂၉ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စကစ တပ်သားတွေဟာ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။

“စကစတွေက ရဲနွယ်ရွာကိုဝင်ပြီး မီးရှို့သွားတယ်။ ၂ ရွာပေါင်း အိမ်ခြေ ၁၉ လုံးကျော် မီး‌လောင်ကျွမ်းသွားတယ်။ ရွာသား ၄ ဦးကိုလည်း သတ်သွားတယ်။ အဲ့လိုသတ်သွားတာကို မေဒေးနေ့ အလုပ်သမားနေ့မှာ တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့က အဲ (-) တွေဝပ်တဲ့ ကင်းပုန်းတွေကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ဝင်ပြီး ပစ်လိုက်တာ။ ရဲ (-) ၃ ကောင် သေတယ်လို့ မြို့ခံတွေက သတင်းပို့တယ်။” 

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် နယ်မြေခံကာကွယ်‌ရေးတပ်ဖွဲ့ ကောင်းကင် ၊ Zero Fighter၊ ဗိုလ်ဇေယျ ၊ စွယ်တော်-ရင်း(၁၂)နှင့် တခြား Local PDF အဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up