အရှက်ရစရာရှုံးနိမ့်မှုအတွက် ပရိသတ်တွေကို မန်ယူနည်းပြ ရင်းနစ်ခ် တောင်းပန်

ဘရိုက်တန်အသင်းကို အရှက်ရစရာရှုံးနိမ့်ခဲ့မှုအတွက် အသင်းပရိသတ်တွေအား တောင်းပန်ကြောင်း နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်း လည်းမရှိတဲ့အပေါ် အရှက်ရစရာဖြစ်ခဲ့ပြီး ပရိသတ်တွေကို တောင်းပန်ရုံသာရှိတယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောခဲ့တာပါ။
“မှန်ပါတယ်။ ပထမဆုံးမိနစ်ကနေ နောက်ဆုံမိနစ်အထိ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။ နေရာတိုင်းမှာ လုံလောက်မှုမရှိခဲ့ပါဘူး။ အလွန်ဆိုးရွားတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး အရှက်စရာရှုံးနိမ့်မှုဖြစ်ခဲ့တယ်” လို့ ပွဲအပြီးမှာ နည်းပြရင်းနစ်ခ်က ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ကျန်တပွဲသာကျန်ရှိတော့ချိန်မှာ ရမှတ် ၅၈ မှတ်သာရရှိထားပြီး ၆၄ မှတ်ရခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီ နောက်ပိုင်းမှာ ရမှတ်အနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ပေးဂိုး ၅၆ ဂိုးအထိ ပေးထားရတာကြောင့် ၆၃ ဂိုးပေးခဲ့ရတဲ့ ၁၉၇၈-၁၉၇၉ ဘောလုံးရာသီနောက်ပိုင်း ပေးဂိုး အများဆုံးရာသီအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒါ့အပြင် အဝေးကွင်း ၅ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ၆ ပွဲဆက်ရူံးခဲ့တဲ့ ၁၉၈၁ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၄ဝ ကျော်အတွင်း ပထမဆုံးအကြိမ် အဝေးကွင်းပွဲဆက်အများဆုံး ရှုံးနိမ့်ခဲ့ရပါတယ်။