close

ရွှေတောင်စစ်ကြောရေးတွင် စစ်မေးခံနေရသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၏ ဇနီးနှင့်ကလေး ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁ ဦးရဲ့  ၂ နှစ်သား ကလေးငယ်နဲ့ အမေဖြစ်သူကို စစ်ကောင်စီတပ်က မေလ ၈ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုစိုးမြတ်မင်းဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ရဲ့ (ဒကစ)စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတာဖြစ်ပြီး ဇနီးနဲ့ ကလေးကို ဓားစားခံအဖြစ် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွှေတောင်မြို့နေထိုင်သူတယောက်က ပြောပါတယ်။

“သူ့ဇနီးသည် ဆု‌ဝေဖြိုး နဲ့ ၂ နှစ်သားအရွယ် သူ့တို့ကလေးကိုပါ စစ်ကောင်စီက မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်က လာဖမ်းသွားကြတာ။ သူ့မိဘတွေ  ၀ိုင်းပြောတာကို မရဘူး။ ကိုစိုးမြတ်မင်းက စစ်ကောင်စီအာဏာသိမ်းကတည်းက သူ့ကို ၀င်ဖမ်းလို့ အိမ်မှာမနေတော့တာ၊ ၀ရမ်းလည်း (၅၀၅) ထုတ်ထားပုံရတယ်။ အခု သူက ‌ရွှေတောင်ကို ခဏပြန်လာစဥ်မှာ အဖမ်းခံလိုက်ရတာ။”

ဇနီးဖြစ်သူဟာ သရက်တောရပ်ကွက် ညောင်ဝိုင်းရွာသစ်ကျေးရွာမှာ မိဘတွေနဲ့အတူနေပြီး ကိုစိုးမြတ်မင်းကတော့ ၂၀၁၅-၂၀၁၇ ပြည်ခရိုင် ဗကသ အတွင်းရေးမှူးဟောင်း တယောက်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ရွှေတောင်မြို့ ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up