close

ဒိုင်လူကြီးများကြောင့် ပွဲကောင်းတပွဲ ပျက်စီးခဲ့ရဟု အာဆင်နယ်နည်းပြဝေဖန်

စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေက ပွဲကောင်းတပွဲကို ပျက်စီးသွားစေခဲ့တယ်လို့ အာဆင်နယ်နည်းပြအာတီတာက ဝေဖန်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့စပါးနဲ့ ဒါဘီပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ပွဲချိန် ၂၂ မိနစ်မှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်နဲ့ ပင်နယ်တီပေးခဲ့ရသလို ပွဲချိန် ၃၃ မိနစ်မှာလည်း နောက်ခံလူ ဟိုးလ်ဒင်းက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ 

နည်းပြအာတီတာကတော့ အရေးယူခံရမှာစိုးလို့ ဒိုင်တွေကို မဝေဖန်လိုဘူးလို့ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် လှပတဲ့ပွဲကောင်းတပွဲ ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

“ဒိုင်လူကြီးတွေကို ဝေဖန်ရင် ၅ လလောက်ပွဲပယ်ခံရမယ်ထင်တယ်။ ဒါပေမယ့် လိမ်ညာပြီး မပြောတက်တာကြောင့် မပြောဘဲနေတာက ပိုကောင်းလိမ့်မယ်။ ကျနော့်ကစားသမားတွေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ရပေမယ့် သူတို့အတွက်တော့ ဂုဏ်ယူပါတယ်။ ဒိုင်လူကြီးတွေအနေနဲ့ ကင်မရာရှေ့လာပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းပြစေချင်ခဲ့မိတယ်။ ဒီနေ့မှာ လှပတဲ့ပွဲစဉ်တပွဲကို ပျက်စီးသွားခဲ့ရတာကတော့ ရှက်စရာ ကောင်းပါတယ်။ သူတို့ ဆုံးဖြတ် ချက်တွေက ချမှတ်ပြီးသွားတော့ ကျနော်တို့ ဘာမှမတက်နိုင်တော့ပါဘူး။” 

စပါး နဲ့ ပွဲစဉ်ဟာ သမိုင်းမှာကျန်ရစ်ခဲ့ပြီဖြစ်ပြီး နယူးကာဆယ်နဲ့ ပွဲစဉ်ကိုပဲ အာရုံစိုက်ပြင်ဆင်မယ်လို့လည်း နည်းပြအာတီတာက ပြောသွားပါတယ်။ 

//
Up