မက်ဒေါ်နယ်ကော်ပိုရေးရှင်း ရုရှားမှ ထွက်ခွာမည်

ကမ္ဘာ့အကြီးဆုံး ကုန်အမှတ်တံဆိပ်တွေထဲက တခုဖြစ်တဲ့ မက်ဒေါ်နယ်ကော်ပိုရေးရှင်းက ရုရှားနိုင်ငံထဲကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။
အမြန်ပြင်ဆင် စားသောက်နိုင်တဲ့ အမေရိကန်စားသောက်ဆိုင် ကွင်းဆက်ကြီးဟာ သူ့ရဲ့ စားသောက်ဆိုင်တွေ အားလုံးကို ရောင်းချဖို့ အစီအစဉ်တွေကို ချမှတ်ခဲ့ပါတယ်။
ရုရှားက ဖေဖော်ဝါရီလက သူ့တပ်တွေကို ယူကရိန်းကိုလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်မှာ နှစ် ၃၀ ကျော် လုပ်ငန်းလည်ပတ်ခဲ့တဲ့ ရုရှားနိုင်ငံထဲကနေ ထွက်ဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဟမ်ဘာဂါကွင်းဆက်ဖြစ်တဲ့ မက်ဒေါနယ်ဟာ ရုရှားနိုင်ငံအတွင်း စားသောက်ဆိုင် ၈၅၀ နီးပါးရဲ့ ၈၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။
မက်ဒေါနယ်ဟာ ရုရှားနိုင်ငံထဲက ဆိုင်တွေ အားလုံးကို ပိတ်ဖို့ မတ်လမှာ ဆုံးဖြတ်ခဲ့တာပါ။
မော်စကိုမြို့လယ်က ပုရှ်ကင်ရင်ပြင်မှာရှိတဲ့ ဆိုင်ကတော့ ဆိုဗီယက်ပြည်ထောင်စု ကျဆုံးချိန်မှာ အမေရိကန် အရင်းရှင်ဝါဒရဲ့ သင်္ကေတအဖြစ် မှတ်ယူခံရတာပါ။
ဒါ့အပြင် ရုရှားနိုင်ငံထဲက မက်ဒေါနယ်ဆိုင်တွေဟာ စစ်အေးတိုက်ပွဲ တင်းမာမှုတွေ ပြိုလဲသွားတာ ကို ကိုယ်စားပြုပါတယ်။
မက်ဒေါနယ်ဟာ မနှစ်က သူ့၀င်ငွေရဲ့ ၉ ရာခိုင်နှုန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို ရုရှားနဲ့ ယူကရိန်းတို့က ရောင်းအားကနေ ရရှိခဲ့ပါတယ်။