close

ရုရှား၌ Victory Day အခမ်းအနားကျင်းပ

ရုရှားနိုင်ငံမှာ မော်စကိုမှာ မေ ၉ ရက် ညပိုင်းက မီးရှုးမီးပန်းတွေ လွှတ်ပြီး အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို အဆုံးသတ်လိုက်ပါတယ်။ 

Victory Day  အောင်ပွဲနေ့ အခမ်းအနားဟာ ဒုတိယကမ္ဘာစစ်တုန်းက ဆိုဗီယက်ရုရှားက နာဇီဂျာမနီကို စစ်အောင်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် မေ ၉ ရက်မှာ နှစ်စဉ် ကျင်းပတာပါ။ 

ရုရှားသမ္မတ ပူတင်ဟာ လောလောဆယ် ရုရှားက ယူကရိန်းမှာ တိုက်နေတဲ့ ကျူးကျော်စစ်ကို လည်း ဆိုဗီယက်ရုရှားက နာဇီကို တိုက်ခဲ့ရတဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်ပြောလေ့ရှိပါတယ်။ 

ဒါပေမယ့် ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် အရပ်သားတွေ ထောင်ချီ သေဆုံးခဲ့ရပြီး ရာနဲ့ချီတဲ့ ဆေးရုံတွေ၊ တခြား တက္ကသိုလ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။ 

၂ လအတွင်းမှာ စစ်ကြောင့် လူပေါင်း ၁၂ ဒသမ ၇ သန်းဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ၇ ဒသမ ၇ သန်းဟာ နိုင်ငံတွင်းမှာပဲ စစ်ဘေးဒုက္ခသည်ဘဝရောက်နေကာ ၅ သန်းကတော့ တခြား တနိုင်ငံမှာ ခိုလှုံဖို့  နယ်စပ်ဖြတ်ကျော် ထွက်ခွာသွားပြီးလို့ UNHCR က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up