close

ပါကစ္စတန်တွင် လေပြင်းတိုက် မိုးရွာသွန်းခဲ့သဖြင့် အပူလှိုင်းဒဏ်မှ သက်သာ

ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်အစ္စလာမ္မာဘတ်တဝန်းမှာ ဖုန်မုန်တိုင်းတခု မေ ၁၇ ရက်က တိုက်ခတ်ခဲ့ပြီး မိုးရွာခဲ့လို့  စံချိန်တင် အပူလှိုင်းဒဏ်ကနေ ခဏတာ သက်သာခဲ့ပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခဲ့လို့ အပူချိန်ဟာ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ကြေညာပါတယ်။

ဒါပေမဲ့ မေ ၁၈ ရက်မှာ အပူချိန်ဟာ ၃၉ ကနေ ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ပြန်တက်လာနိုင်တယ်လို့လည်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်ဟာ ၆၁ နှစ်အတွင်း အပူဆုံး မတ်လကို ရင်ဆိုင်ခဲ့အပြီး နိုင်ငံအစိတ်အပိုင်း အတော်များများမှာ အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိတဲ့ အပူလှိုင်း ဖြတ်သန်းနေပါတယ်။

တောင်အာရှဒေသမှာ အပူနဲ့ပတ်သက်တဲ့ သက်ရောက်မှုတွေကို ပြည်သူ သန်း ၁၀၀၀ ကျော် ခံစားနေရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအနေနဲ့ ပါကစ္စတန်မှာ ဆောင်းရာသီကနေ နွေရာသီကို တန်းရောက်ခဲ့ပြီး နွေဦးရာသီ ပျောက်ဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

//
Up