close

ကိယက်ဗ် ဆေးရုံရောက် ယူကရိန်းစစ်သားများကို သမ္မတဇလန်းစကီး သွားရောက်ကြည့်ရှု

အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ကျူးကျော်ဝင်ရောက်မှု ရက် ၁၀၀ ပြည့်လာချိန်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးဟာ ဇွန် ၃ ရက်က ကိယဗ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒဏ်ရာရ စစ်သားတွေကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ 

စစ်ဆင်ရေးမှာ တစ်ရက်ကို စစ်သား ၁၀၀ လောက် သေဆုံးပြီး စစ်သား ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း ဇီလန်စကီးက အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

ဆေးရုံကို ရောက်လာချိန်မှာ ဇီလန်စကီးက ဆရာဝန်တွေကို ချီးမြှင့်ပေးခဲ့ပြီး ဆေးရုံတွေထဲမှာရော စစ်မြေပြင်မှာပါ ဆရာဝန်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ ပျက်စီးနေတဲ့ အရှေ့ဘက်က  ဆီဗီရို-ဒွန်နက်စ် မြို့ထဲကို တိုးဝင်လာနေပေမဲ့ ယူကရိန်းတပ်တွေကလည်း အဲဒီနေရာမှာ ထိန်းထားဆဲဖြစ်ပါတယ်။ 

ရုရှားက နာရီပိုင်းလောက်အတွင်း ချေမှုန်း အနိုင်ယူလို့ရလိမ့်မယ်လို့ အနောက်နိုင်ငံတွေ တွက်ကိန်း ထုတ်ထားတဲ့ ဒီစစ်ပွဲဟာ ၃ လကျော် ကြာလာပြီး မော်စကိုတပ်တွေကို ယူကရိန်းမြို့တော်ကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။  ဒါပေမဲ့  ရုရှားဟာ  ယူကရိန်းအရှေ့ဘက်မှာတော့ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

//
Up