အာဂျင်တီးနားတွင် မိုးကြီးမြေပြိုပြီး ကမ္ဘာလှည့်ခရီးသည် ၁ ဦးသေဆုံး

6
အာဂျင်တီးနားနိုင်ငံ၊ စန်ကားလော့စ် ဒယ်ဘာရီလော့ထယ်မြို့မှာ ဇွန် ၆ ရက်က မိုးကြီးပြီး ဟိုတယ်တလုံးအနီး မြေပြိုခဲ့တဲ့အတွက် လူတယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက် ဒဏ်ရာရကာ ၂ ယောက် ပျောက်ဆုံးနေပါတယ်။
သေဆုံးသူဟာ ဟိုတယ်မှာ လာတည်းခိုနေတဲ့ ပါရာဂွေး ကမ္ဘာလှည့်ခရီးသည်ဖြစ်ပြီး သူ့ဇနီးနဲ့ တခြား အမျိုးသမီး ၂ ယောက်ကိုတော့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရသလို နောက်ထပ် လူ ၂ ယောက် ပျောက်နေဆဲ ဖြစ်ပါတယ်။
ဘရာဇီးမှာ ၃၆ နာရီကျော် ဆက်တိုက်မိုးရွာခဲ့အပြီး မြေပြိုခဲ့တာပါ။ မြေပြိုရာမှာ ပါသွားတဲ့ ဟိုတယ်မှာ ကမ္ဘာလှည့်ခရီးသည် အယောက် ၅၀ လောက် တည်းခိုနေတယ်လို့ ဒေသခံမီဒီယာက သတင်းထုတ်ပါတယ်။