close

NUG နှင့် ပေါ်ပေါ်ထင်ထင်ဆက်ဆံရန် အာဆီယံကို ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုက်တွန်း

အာဆီယံနိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပေါ်ပေါ်ထင်ထင် ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်  ဒဲရစ်ချောလက်က တိုက်တွန်းတယ်လို့ ဇွန် ၇ ရက်  စင်ကာပူအခြေစိုက် သည်စထိရိတ်တိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်  ဒဲရစ်ချောလက်က ဇွန် ၇ ရက်ကနေ ၁၄ ရက်နေ့အထိ စင်ကာပူ၊ ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ အခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပြီး အမေရိကန်အစိုးရကလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ ဆိုထားပါတယ်။

ဒဲရစ် ချောလက်ဟာ ထိုင်းနိုင်ငံမှာတော့ အစိုးရထိပ်တန်းအကြီးအကဲ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာတော့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ချောလက်ဟာ ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်သွားမှာဖြစ်ပြီး စင်ကာပူအစိုးရ ထိပ်တန်းအကြီးအကဲ တာဝန်ရှိသူတွေနဲ့အတူ မြန်မာ့အရေးပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကိုပါ တက်ရောက်သွားမယ်လို့ ဆိုပါတယ်

//
Up