အင်္ဂလန်အသင်းနှစ်ပေါင်း ၉၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဂိုးအပြတ်ဆုံးရှုံးပွဲတွေ့

အင်္ဂလန်အသင်းဟာ ဇွန် ၁၄ ရက်က အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ ဟန်ဂေရီနဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၉၄ နှစ်အတွင်း အိမ်ကွင်းဂိုးအပြတ်ဆုံးရှုံးပွဲ တွေ့ခဲ့ရပါတယ်။
၁၉၂၈ ခုနှစ်က စကော့တလန်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။
ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့ အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ စတာလင်၊ မေဆန်မောင့်၊ ဖိုဒန် အစရှိတဲ့ တိုက်စစ်ကစားသမားတွေကို လူစားလဲ အသုံးပြုခဲ့ပေမဲ့ ၃ ဂိုးထပ်ပေးခဲ့ရတာပါ။
ပွဲချိန် ၈၂ မိနစ်မှာ နောက်ခံလူ ဂျွန်စတုန်းစ်က အငြင်းပွားဖွယ်ရာအခြေအနေနဲ့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ဟန်ဂေရီ အသင်းအတွက်တော့ ၁၉၅၃ ခုနှစ်နောက်ပိုင်း အင်္ဂလန်အိမ်ကွင်းမှာ ပထမဆုံးအကြိမ် အနိုင်ယူနိုင်ခဲ့ တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲ ကစားခဲ့ရာမှာလည်း နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၂ ပွဲရှုံး၊ ၂ ပွဲသရေကျခဲ့ပါတယ်။