တရုတ်ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုအပေါ် ကန့်ကွက်ကြောင်း ကျူးဘားအပါအဝင် ၆၉ နိုင်ငံ ကြေညာ

ရှင်းကျန်း၊ ဟောင်ကောင်၊ တိဘက်တို့နဲ့ပတ်သက်တဲ့ ပြဿနာတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေးကို နိုင်ငံရေးဖန်တီးခြင်းနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီးတော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စံနှုန်း ၂ မျိုးနဲ့ ဝင်ရောက်စွက်ဖက်တာတွေကို ကန့်ကွက်ကြောင်း နိုင်ငံပေါင်း ၇၀ နီးပါးပါဝင်တဲ့ အဖွဲ့က ဇွန် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၅၀ မြောက် အစည်းအဝေးမှာ ဒီပူးတွဲကြေညာချက်ကို ဒေသတွင်းရှိ ၆၉ နိုင်ငံကိုယ်စား ကျူးဘားကနေ ဖတ်ကြားခဲ့တာပါ။
နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို လေးစားကြောင်းနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းဟာ နိုင်ငံတကာဆက်ဆံရေးကို ကျင့်သုံးနေတဲ့ စံနှုန်းတွေကို ကိုယ်စားပြုကြောင်း အဲဒီနိုင်ငံတွေက ပြောပါတယ်။
ကုလသမဂ္ဂပဋိဉာဉ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေကို အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာသင့်တယ်ဆိုတာကို ထိန်းသိမ်းထားပြီးတော့ သူ့နိုင်ငံ သူ့အခြေအနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ အာရှပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားရမှာဖြစ်ကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂရုံးဆိုင်ရာ ကျူးဘားရဲ့ အမြဲတမ်းမစ်ရှင် အတိုင်ပင်ခံ လီဆန်ဒရာအရီရက်စ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံပေါင်း ၂၀ ကျော်ဟာ တရုတ်နိုင်ငံကို ထောက်ခံကြောင်း သီးခြားထုတ်ပြန်ချက်တွေကနေ ဖော်ပြခဲ့ကြပါတယ်။
နိုင်ငံပေါင်း ၁၀၀ နီးပါးဟာ တရုတ်နိုင်ငံရဲ့ တရားဝင်ရပ်တည်မှုကို နားလည်သဘောပေါက်ပြီး ထောက်ခံကြောင်း နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။