အယ်လ်ဆာဗေဒိုနိုင်ငံ ပြည်တွင်းဘောလုံးပွဲတွင် ဒိုင်လူကြီး ၁ ဦး အသတ်ခံရ

အယ်လ်ဆာဗေဒိုနိုင်ငံ၊ စန်ဆယ်လ်ဗေဒိုမြို့တော်က ပြည်တွင်းဘောလုံးပွဲမှာ ဒိုင်လူကြီးတယောက် အသတ်ခံရအပြီး လူသတ်သမားအဖြစ် သံသယရှိသူကို အာဏာပိုင်တွေက မီဒီယာမှာ ဇွန် ၁၅ ရက်က ထုတ်ပြခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဟွမ် မန်နျူယယ် ခရုစ် လိုရန်ဇာနာဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ရက်က ဘောလုံးဒိုင်လူကြီး အားနော့ဒို အာမာယာကို သတ်မှုအတွက် တာဝန်ရှိသူအဖြစ် လုံခြုံရေးဝန်ကြီးဌာန အာဏာပိုင်တွေက တင်ပြခဲ့တာပါ။
ဒိုင်လူကြီး အာမာယာဟာ ဘောလုံးကွင်းထဲမှာ ရန်ဖြစ်တာကို တားဖို့ ကြိုးစားနေတုန်း အသတ်ခံခဲ့ရတာပါ။
“ဒီကမ္ဘာပေါ်မှာ ပိုအရေးကြီးတဲ့ အရာဖြစ်တဲ့ ကမ္ဘာ့တရားစီရင်ရေးရော နတ်ဘုရားတွေရဲ့ တရားစီရင်ရေးပါ ရှိဖို့ ကျေနာ်တို့ မျှော်လင့်တယ်” လို့ အာမာယာရဲ့သူငယ်ချင်း ဘောလုံးဒိုင်လူကြီး နောက်တယောက်က ပြောပါတယ်။
လူသတ်သမားအဖြစ် သံသယရှိသူ ခရုဇ် လိုရန်ဇာနာဟာ မော်မော်ဂိုဏ်းရဲ့ လူသတ်သမားနဲ့ တက်ကြွတဲ့ဂိုဏ်းဝင်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သူဟာ လူသတ်မှု၊ တရားမဝင်အုပ်စုတွေရဲ့ အဖွဲ့ဝင်ဖြစ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ကြေညာထားပါတယ်။