close

လူကာကူကို အငှားချပြီး စတာလင်နှင့် အစားထိုးရန် ချဲလ်ဆီးအသင်းကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်အသင်းဆီ အငှားချပြီး မန်စီးတီးကစားသမား စတာလင်ကို ခေါ်ယူ အစားထိုးသွားဖို့ ကြိုးပမ်းနေပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူကို အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ တစ်နှစ်ကို ပေါင် ၈ ဒသမ ၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ဆက်လက်ပေးချေမယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဘက်ကတော့ အင်တာမီလန်နောက်ခံလူတွေဖြစ်တဲ့ စကင်နီယာနဲ့ ဒမ်ဖရိုင်းစ်တို့ကို အပြောင်းအရွှေ့ရဲ့ တစိတ်တစ်ပိုင်းအနေနဲ့ ပြန်လည်ခေါ်ယူလိုနေတယ်လို့သိရပါတယ်။

လူကာကူကို ချဲလ်ဆီးအသင်းက ပေါင် ၉၇ သန်းခွဲနဲ့ မနှစ်က ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာကြောင့် နည်းပြတူချယ်က ပြန်လည် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာပါ။

နည်းပြတူချယ်ဟာ လူကာကူရဲ့နေရာမှာ မန်စီးတီးတိုက်စစ်မှူး စတာလင်ကို မျက်စိကျနေပြီး ပေါင် ၅၅ သန်းပေးချေပြီးခေါ်ယူဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။

စတာလင်ဟာ မန်စီးတီးနဲ့ တစ်နှစ်စာချုပ်သာကျန်ရှိတော့ပြီး ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ပါ ရောက်လာတဲ့တိုက်စစ်ပိုင်းမှာ အရန်ခုံထိုင်ရဖို့ရှိလို့ အသင်းပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ သိရပါတယ်။

//
Up