close

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ လက်ရှိဝန်ကြီးအချို့ အရွေးမခံရ

ပြင်သစ်နိုင်ငံမှာ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးတချို့ အမျိုးသားလွှတ်တော်မှာ ပြန်အရွေးမခံရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ ဗဟိုဝါဒီ ညွန့်ပေါင်းဟာ လွှတ်တော်အတွင်း အမတ်အများစု ရထားခဲ့ဖူးတဲ့ အခြေအနေကနေ ဆုံးရှုံးခဲ့ပါတယ်။

လွှတ်တော်ရွေးကောက်ပွဲမှာ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပြန်မနိုင်ခဲ့သလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ရစ်ချတ် ဖှာရန်းဟာည်း မဲရှုံးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးလည်း ပြန်အရွေးမခံရသလို သမ္မတ မက်ခရွန်ရဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းလည်း ပြန်အရွေးမခံရလို့ မက်ခရွန်အတွက် အကြီးစား ထိုးနှက်ချက် ဖြစ်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

//
Up