close

နော်ဝေးရှိ နိုက်ကလပ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး

နော်ဝေးနိုင်ငံ မြို့တော်အော်စလိုရှိ နိုက်ကလပ်တစ်ခုနဲ့ သူ့အနီးနား လမ်းတွေမှာ ဇွန် ၂၅ ရက်က  ပစ်ခတ်မှု ဖြစ်ပွားရာမှာ လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စနေနေ့အစောပိုင်းအချိန်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ တစ်ဦးတည်းသော ကျူးလွန်သူလို့ ယူဆရတဲ့ သံသယရှိသူကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။  

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အသုံးပြုတဲ့ လက်နက်တွေကိုလည်း ထိန်းသိမ်းထားပါတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုရီဘာစတက်က သတင်းထောက်တွေကို ပြောကြားပါတယ်။

မှုခင်းဖြစ်ပွားတဲ့နေရာဟာ အိမ်နီးချင်းကလပ်တစ်ခုမှတစ်ဆင့် လန်ဒန်အရက်ဆိုင်ကို ရောက်လာပြီး အဲဒီကနေ အနီးနားလမ်းတစ်ခုထိအောင် ထပ်ပျံ့နှံ့သွားပြီး အဲဒီမှာ သံသယရှိ တရားခံကို ဖမ်းမိခဲ့ပါတယ်။ 

သံသယရှိသူကို အာဏာပိုင်တွေ သိရှိထားကြောင်းနဲ့ သူဟာ ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ပြည်သူပိုင်ရုပ်သံလွှင့်ဌာန NRK က ဖော်ပြခဲ့ပါတယ်။ 

ပစ်ခတ်မှုဖြစ်အပြီးမှာ အနီရောင်သတိပေးချက်ကို အော်စလိုတက္ကသိုလ်ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ 

အိတ်တစ်လုံးနဲ့ လူတစ်ယောက် ရောက်လာတာ တွေ့လိုက်ရပြီးတော့ သူဟာ သေနတ်တစ်လက် ကို ကောက်ကိုင်လိုက်ပြီး ပစ်သတ်လိုက်တာပါ လို့ NRK သတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။ 

တိုက်ခိုက်မှုဖြစ်တဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။  လန်ဒန်အရက်ဆိုင်ဟာ အော်စလိုမြို့လယ်ရှိ နာမည်ကြီး ဂေးဘားနဲ့ နိုက်ကလပ်တစ်ခု ဖြစ်ပါတယ်။

အော်စလိုမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်တူလိင်ပြောင်းသူတွေရဲ့ ဂုဏ်ပြုချီတက်ပွဲကို စနေနေ့နှောင်းပိုင်းမှာ ပြုလုပ်ဖို့လည်း ရှိနေတာပါ။ 

//
Up