close

စီရော်နယ်ဒိုကိုခေါ်ယူရန် အေးဂျင့်နှင့် ချဲလ်ဆီးအသင်းပိုင်ရှင် တွေ့ဆုံဆွေးနွေး

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီဟာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရေးအတွက် အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ချဲလ်ဆီးပိုင်ရှင်သစ် ဘိုလီဟာ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ပေါ်တူဂီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရော်နယ်ဒိုရဲ့ ပြောင်းရွှေ့ကစားနိုင်ချေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ တနှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး နည်းပြ အပြောင်းအလဲတွေရှိလာတဲ့ မန်ယူအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ချဲလ်ဆီးအသင်းဘက်က တရားဝင်ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘဲ ကနဦးအနေနဲ့ မေးမြန်းစုံစမ်းတာဖြစ်နိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ 

စီရော်နယ်ဒိုကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်း တွေကိုတော့ ဘိုင်ယန်အသင်းဘက်က မဟုတ်မှန်ကြောင်း ပယ်ချထားပါတယ်။ 

အသက် ၃၇ နှစ်ရှိ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတာကြောင့် သင့်တော်တဲ့ အခွင့်အရေး ရလာမယ်ဆိုရင် အသင်းပြောင်းရွှေ့ဖို့ လက်ခံစဉ်း စားနိုင်တယ်လို့ သိရပါတယ်။ 

//
Up