လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ်မှူး ရာဖင်ညာကိုခေါ်ယူရန် ချဲလ်ဆီး သဘောတူညီမှုရ

ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်အသင်းက ဘရာဇီးတောင်ပံတိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး တရားဝင်ကမ်းလှမ်းမှု ပြုလုပ်နေချိန်မှာပဲ ချဲလ်ဆီးအသင်းက ကြားဖြတ်ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လိဒ်ယူနိုက်တက်ဘက်က အလိုရှိတဲ့ ပြောင်းရွှေ့ကြေး မပေးခဲ့တာကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ပေါင်သန်း ၆၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
ကနဦး ပေါင် ၅၅ သန်း ပေးချေမှာဖြစ်ကာ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၅ သန်း ချဲလ်ဆီးအသင်းက ပေးချေသွားရမှာပါ။
ရာဖင်ညာကို ဘာစီလိုနာအသင်းကလည်း နှုတ်အားဖြင့် သဘောတူညီထားခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီ အငှားချခဲ့တာကြောင့် ရာဖင်ညာအပြင် မန်စီးတီးက စတာလင်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။