close

ဓာတ်မြေသြဇာ လျှော့သုံးရေး နယ်သာလန်အစိုးရအစီအစဉ်ကို လယ်သမားများ ဆန္ဒပြ

နယ်သာလန်နိုင်ငံမှာ လယ်သမားတွေဟာ ဓာတ်မြေသြဇာ လျှော့သုံးဖို့၊ မွေးမြူရေးကို လျော့ချဖို့ အစိုးရအစီအစဉ်ကို လက်မခံနိုင်ကြတဲ့အတွက် ဇူလိုင် ၄ ရက်မှာ ဆန္ဒပြကြပါတယ်။

လယ်သမားတွေဟာ ဘယ်လ်ဂျီယံနဲ့ နယ်စပ်ဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက အဓိက လမ်းမကြီး A67 လမ်းပိုင်းမှာ ပိတ်ဆို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ 

ဇူလိုင် ၄ ရက်သပိတ်ဟာ တနိုင်ငံလုံး ချိတ်ဆက် ဆန္ဒပြတာဖြစ်လို့ တခြားနေရာမှာလည်း လယ်သမားတွေဟာ စူပါမားကက်တွေ၊ လက်ကားဆိုင်ကြီးတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

ဒတ်ချ်လယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းမှာသုံးတဲ့ အန္တရာယ်ရှိတဲ့ နိုက်ထရိုဂျင် ဓာတ်ပေါင်းကို ၂၀၃၀ ကျရင် အတိုင်းအတာတခုအထိ လျှော့ချဖို့ အစိုးရက စီစဉ်နေတာပါ။ 

ဒီအစီအစဉ်ထဲမှာ ဓာတ်မြေသြဇာထဲမှာ အမိုးနီးယားဓာတ်ကို လျော့ချဖို့၊ မွေးမြူရေးလုပ်ငန်းတွေ ကိုလည်း ၃၀ ရာခိုင်နှုန်းလျော့ချဖို့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။ 

နယ်သာလန်နိုင်ငံဟာ နွား၊ ဝက်နဲ့ တခြား တိရစ္ဆာန်တွေ မွေးမြူရေး အကြီးအကျယ်လုပ်ကိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။  

//
Up