ဖီလာဒဲလ်ဖီးယားပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားပြည်နယ် အနုပညာပြတိုက်မှာ ဇူလိုင် ၄ ရက်က ဖျော်ဖြေပွဲနဲ့ မီးရှူးမီးပန်း ပြပွဲကို လူထောင်ပေါင်းများစွာ ဆင်နွှဲခဲ့ကြချိန်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မီဒီယာတွေက ပြောကြားခဲ့ပါတယ်။
ပစ်ခတ်ခံရတဲ့ ရဲအရာရှိ နှစ်ယောက်စလုံး အခြေအနေ တည်ငြိမ်တယ်လို့ ရဲဌာနကို ကိုးကားပြီး CBS3 ဖီလာဒဲလ်ဖီးယား သတင်းမှာ ဖော်ပြပါတယ်။
သေနတ်သမားကို ရဲတွေက ရှာဖွေနေပြီး အခင်းဖြစ်ပွားရာအနီးရှိ ဗွီဒီယိုမှာတော့ ဘန်ဂျမင် ဖရန်ကလင် Parkway ကနေ ထွက်ပြေးနေသူတွေနဲ့ ရှာဖွေရေးမီးတွေထွန်းထားတဲ့ ရဟတ်ယာဉ်တွေ ပျံသန်းနေတာကို ပြထားပါတယ်။
ရဲတပ်ဖွဲ့က လူတွေကို အနီးနားရှိ အဆောက်အအုံတွေမှာ နေကြဖို့ ညွှန်ကြားထားပါတယ်။
အစောပိုင်းမှာလည်း ချီကာဂိုဆင်ခြေဖုံးရှိ Highland Park မှာ ဇူလိုင် ၄ ရက်က ပြုလုပ်တဲ့ ချီတက်ပွဲမှာ အလံတွေဝှေ့ယမ်းပြီး ဆိုင်ကယ်စီးတဲ့ မိသားစုတွေကို သေနတ်သမားက ပစ်ခတ်ခဲ့လို့ လူ ၆ ဦး သေဆုံးပြီး ၃၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကိုလည်း ဖမ်းဆီးမိပြီဟု ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။