close

ယူကရိန်းစစ်ပွဲရပ်တန့်ရေး တရုတ်နှင့် အင်ဒိုနီးရှား တောင်းဆို

ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက စည်းလုံးညီညွတ်စွာ ရပ်တည်ပေးကြဖို့ တရုတ်နဲ့ အင်ဒိုနီးရှားတို့က G20 ထိပ်သီးအစည်းအဝေးမစခင် ဇူလိုင် ၇ ရက်က တောင်းဆိုလိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ရိက္ခာပို့ကုန်တွေကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အဖြစ် ပြန်လည်ပေါင်းစည်းဖို့ နှစ်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပအစီအစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီတို့က မှတ်ချက်ပေးခဲ့ကြတာပါ။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေဟာ အင်ဒိုနီးရှားမှာ နှစ်ရက်ကြာကျင်းပမယ့် G20 အစည်းအဝေးကို လွှမ်းမိုးသွားဖို့ ရှိနေပါတယ်။

အခုနှစ်ဟာ ပထဝီဝင်နိုင်ငံရေး ဖိအားတွေကြား ညပ်နေရတဲ့ ကမ္ဘာ့ထိပ်သီးအစည်းအဝေးနဲ့ စစ်ပွဲကြောင့် ဖြစ်ရတဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းတို့ကို ဟန်ချက်ညီအောင် လုပ်ဆောင်နေရတာတွေနဲ့ ရုန်းကန်နေရတာပါ။

ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုဆိုးရွားအောင်လုပ်နေပြီး ယူကရိန်းဆန်တင်ပို့မှုကို ပိတ်ဆို့ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုဆိုးရွားစေတယ်လို့ စွပ်စွဲထားပါတယ်။ ရုရှားကတော့ ဆန်တင်ပို့မှု အတားအဆီးမရှိ အဆင်ပြေချောမွေ့စေဖို့ အဆင်သင့်လုပ်ထားတယ်လို့ ဆိုပါတယ်။

//
Up