ဂျော့ဂျ်ဖလွိုဒ်သေဆုံးခဲ့မှုအတွက် အမေရိကန်ရဲအရာရှိဟောင်းကို ထောင်ဒဏ် ၂၁ နှစ်ချ

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့က ရဲအရာရှိဟောင်း ဒဲရက်ခ် ရှိုဗင်ဟာ လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုဒ်ရဲ့ နိုင်ငံသားအခွင့်အရေးကိုချိုးဖောက်မှုနဲ့ ဇူလိုင် ၇ ရက်က ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ရှိုဗင်ဟာ ၂၀၂၀ ခုနှစ်၊ မေ ၂၅ ရက်က ဖလွိုဒ် အဖမ်းခံရချိန်အတွင်း နိုင်ငံသားအခွင့်အရေး ချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။
အဲဒီနေ့က ရှိုဗင်ဟာ အာဖရိကန်-အမေရိကန် အမျိုးသား ဂျော့ဂျ်ဖလွိုဒ်ရဲ့ လည်ပင်းကို ၉ မိနစ်နဲ့ ၂၉ စက္ကန့်ကြာ ဒူးထောက် ဖိထားခဲ့ပါတယ်။
ရှိုဗင်ဟာ ဒုတိယအဆင့် လူသေမှုအပြင် ဒုတိယအဆင့်နဲ့ တတိယအဆင့် လူသတ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်မှာ ဒီစီရင်ချက်ဟာ သူ့ရဲ့ ပြစ်ဒဏ်စီရင်ချက် ၂၂ နှစ်ခွဲနဲ့အတူ တပြိုင်နက်တည်း ကျခံရမှာလည်း ဖြစ်ပါတယ်။
သူဟာ ပြည်နယ်အကျဉ်းထောင်ကနေ ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဂျော့ဂျ်ဖလွိုဒ်သေဆုံးမှုဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ အမေရိကန်ပြည်ထောင်စုတဝန်း ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။
ဂျော့ဂျ်ဖလွိုဒ် ဖမ်းဆီးခံရတဲ့ အခင်းဖြစ်ပွားရာနေရာရှိ တခြားရဲအရာရှိဟောင်း သုံးယောက်ကိုလည်း ဖလွိုဒ်ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို ဆုံးရှုံးခြင်းအတွက် ဖက်ဒရယ်စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူတို့ကို စီရင်ချက်ချမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။